Sunday, December 30, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၃ )

နှစ်သစ်ကူးလက်ဆောင်။ အရှေ့ဆီ နေနီနီက ရွှေခြည် အထိုး။ အမေ့ရွာ အဖေ့ယာ ခရိုး။ အမေ့ရွာ အဖေ့ယာ ခရိုးက ငှက်ကလေး ချိုးလင်းပြာ တေးအဆာ အစာရှာထွက်တော့ မောင် ... နံနက်ထ နိုး မယ် ... နံနက်ထ နိုး။ အဘိုးမာပါစ အဘွား သာပါစ မိုးသောက်ထ ယာအဝင် ပခုံး ဘယ်တင် မောင့်တာဝန် မောင့်အင် မောင်ထမ်း။ ခေတ်ကိုဖြတ်သန်းတဲ့အခါ "ချစ်တတ်ပြီး...

Thursday, December 27, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၂ )

    ၂ဝ ရာစုကနေ ချစ်လာတဲ့ အချစ် ၂၁ ရာစုအထိ ချစ်နေရတဲ့ အချစ်။ ၂ဝ ရာစုကနေ လွမ်းလာတဲ့ အလွမ်း ၂၁ ရာစုအထိ လွမ်းနေရတဲ့ အလွမ်း။ ၂ဝ ရာစုကနေ စွန့်စားလာတဲ့ စွန့်စားခန်း ၂၁ ရာစုအထိ စွန့်စားနေရတဲ့ စွန့်စားခန်း။ အချစ်၊ အလွမ်း၊ စွန့်စားခန်း ဆိုတာ ရှိတယ် ညီလေး။ ဥပမာ- မင်းကိုနိုင်၊ ကိုကိုကြီး၊...

Wednesday, December 19, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၁ )

ပြည်သူ့နီတိ။ အမုန်း၏ အစကား … သေခြင်း အချစ်၏ အစကား … နေခြင်း။ အမုန်းနဲ့စရင် စစ်ဖြစ်တယ် အချစ်နဲ့စရင် ငြိမ်းချမ်းရေးဖြစ်တယ်။ အမုန်းနဲ့ စမလား အချစ်နဲ့ စမလား။ အမုန်းက လမ်းပျောက်တဲ့မြိုင် အချစ်က လှမ်းကိုင်မယ့်ပန်းတိုင်။ အမုန်းနဲ့ တွေးခေါ်ရင် စစ် အချစ်နဲ့ တွေးခေါ်ရင် ငြိမ်းချမ်းရေး။ အမုန်းကို ကြွေးကြော်မလား အချစ်ကို...

Wednesday, December 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ဝ )

  "အလွမ်းပင်တော" တဲ့။ အလွမ်းပင်တွေ တောထနေလို့ အလွမ်းပင်တောလို့ ခေါ်တယ်။ အလွမ်းပင်တောလို့ လွမ်းသူတွေက ပြောကြတဲ့ လွမ်းသူတွေရဲ့အလွမ်းပင်တောလေ။ လွမ်းတတ်သူသာ သမိုင်းဝင်သတဲ့ သမိုင်းဝင်တဲ့ အလွမ်းပင်တောပေါ့။ မြေချစ်သူ ပြောတယ် "ကမ္ဘာပေါ်မှာ လွမ်းရတာလောက် သိက္ခာရှိတဲ့ အစားအစာ မရှိပါဘူး" တဲ့ သိက္ခာရှိတဲ့ အလွမ်းပင်တောပေါ့။ အလွမ်းတစ်ပင် ရာဇဝင်...

Sunday, November 25, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၉ )

လွမ်းတယ်ဆိုတာလည်း၊ တာဝန်တစ်ခုလိုပါပဲ။ ငါက တိုင်းပြည်နဲ့လူမျိုးကို လွမ်းတယ် ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန် ငါ ထမ်းဆောင်နေတာပေါ့။ ဒါပေမဲ့- တိုင်းပြည်နဲ့လူမျိုးက ငါ့ကို လွမ်းချင်မှ လွမ်းမယ် အရေး မကြီးပါဘူး။ ငါက ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို လွမ်းတယ် ဒါ ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးရဲ့တာဝန် ငါ...

Saturday, November 3, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ )

အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။ ဖြစ်ပုံ ခေတ်က ငြိမ်းချမ်းရေးကို စစ်နဲ့ ရော မျိုနေရ။ လည်ချောင်းထဲ အဝင် ဆိုးလှချည်ရဲ့။ မြစ်ကြီး တစ်စင်းလုံး ချင်းချင်း နီလို့ စီးဆင်း မဆုံး။ အဲဒါ ငြိမ်းချမ်းရေးအတွက် ကျတဲ့ မျက်ရည် စီးလို့ မဆုံး။ ဖြစ်ပုံ ခေတ်က ငြိမ်းချမ်းရေးကို စစ်နဲ့...

Tuesday, October 16, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၇ )

နိုင်ငံတော်ဟာ ဖျားနာ နေတယ် ဒီကောင်တွေ မဟုတ်သေးဘူး။ နိုင်ငံတော်ဟာ ဖျားနာနေတယ် ဖိနပ်နဲ့ မတော်လို့၊ ဖနှောင့်ကို လှီးပစ်တယ် ဒီကောင်တွေ မဟုတ်သေးဘူး။ နိုင်ငံတော်ဟာ ဖျားနာနေတယ် ငါးမရလို့ တဲ့၊ မြစ်ကို မီးရှို့ပြီး ပြန်တယ် ဒီကောင်တွေ မဟုတ်သေးဘူး။ နိုင်ငံတော်ဟာ ဖျားနာနေတယ် မစားရတဲ့အမဲ...

Sunday, September 23, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၆ )

ကြက်ဥက ကြက်ကလေး ပေါက်လာသလို ဒီမနက် ဆောင်းဥက ဆောင်းကလေး ပေါက်လာတယ်။* နေရောင် အိပ်ရာ မထသေး မြူနှင်းကလေးတွေ မပွဲသေး။ ဒီလိုအချိန် မောင်သာချို ပြောပြဖူးတဲ့ "လွမ်းငွေ့တဝေဝေ" ဆိုတဲ့ စက်ဘီးပြင်ဆိုင်ကလေး အမှတ်ရတယ်။ ဘာထူးသေးလဲ ကိုယ်လည်း ဟောဒီ မစ်ရှီဂန်ဆိုတဲ့ မဲဇာမှာ ဓားသွေးတဲ့ဆိုင်ကလေး ဖွင့်လို့ နာမည်က "လွမ်းငွေ့တဝေဝေ" ပဲပေါ့။ နှင်း...

Saturday, September 15, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ )

တစ်အချက်- ဆန့်ကျင်တယ်။ နှစ်အချက်- မကြောက်ဘူး။ သူတို့ သူမရဲ့ဓာတ်ပုံတွေ ပြန်ဖြုတ်ချကြ သူတို့ သူမရဲ့ဆုတံဆိပ်တွေ ပြန်ရုပ်သိမ်းကြ သူတို့။ ငါတို့ တစ်အချက်- ဆန့်ကျင်တယ် ငါတို့ နှစ်အချက်- မကြောက်ဘူး ငါတို့။ သူတို့ သူမကို လည်ပင်းကြိုးကွင်းစွပ်ဖို့ ကြံစည်ကြ သူတို့ သူမကို ရာထူးက နုတ်ထွက်ဖို့...

Friday, August 31, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၄ )

အတိတ်ပင် နဲ့ အဆိပ်ပင်။ ရာဇဝင်ခန်း၊ လွမ်းမှုပြုလေ။ ပြည်ထောင်စုကို၊ ညီအောင်ပြုလေ။ မေတ္တာစုလေ၊ သစ္စာပြုလေ။ ပြည်သူ့မျက်ရည်၊ အက်စစ်ဖြစ်စေ။ ပြည်သူတွေ မျက်ရည်ချောင်းစီးတော့ အက်စစ်မြောင်းကြီးဖြစ်ပေါ့ ။ ဒီမြောင်းထဲ ခေတ်ဟောင်း၊ စနစ်ဟောင်း အစိုးရဟောင်း၊ အာဏာရှင်ဟောင်း မကောင်းတဲ့အဖြစ် စစ်ပွဲတွေ ပစ်ထည့်၊...

Saturday, August 18, 2018

သ င်း သ င်းေ အး သံ ခိ ပ်

တော်လှန်သော နှင်းဆီ။  ................................. ပွင့်ရဲလို့ ပွင့်ခဲ့တာ ကြွေဖို့လည်း ဝန်မလေးသူ သွေးနံ့ကို မွှေးရနံ့ ပြောင်းပစ်တယ်။ ....................................... သူရဲကောင်း။ ။ေ အာ င်ေ ဝး (သြဂုတ် ၁၈၊ ၂ဝ၁၈...

Sunday, August 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )

   စစ်တစ်ခါရှုံး၊ အနှစ်သုံးဆယ်။စစ်တစ်ခါရှုံးရင် အနှစ်သုံးဆယ် ကြာတယ် ဘယ်သူပြောလဲ တစ်တောလုံးကြွေ။ ပြည်တွင်းစစ်က အနှစ် ၇ဝ ဘယ်သူပြောလဲ တစ်တောလုံးကြွေ။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပန်းကလေး ပွင့်ပါပြီလား။ ထပ်မေးမယ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပန်းကလေး ပွင့်ပါပြီလား။ ရေ...

Wednesday, July 25, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၂ )

နီရဲ စိမ်းမြ။ ငါ့ ရင်ထဲမှာ နှင်းဆီပင်ဟာ နီရဲ စိမ်းမြ။ ငါ သီဖွဲ့ကျူး ရင်ပြင်ဦးမှာ ကျေးဇူးတကာရဲ့ ကျေးဇူး ဖခင်တကာရဲ့ ဖခင် ဗိသုကာတကာရဲ့ ဗိသုကာ သူရဲကောင်းတကာရဲ့ သူရဲကောင်း နီမောင်း စိမ်းလန်း မသေပန်းပွင့်သူ ငါ လွမ်းတပါရစေ။ "ကံတရား၏ရိုက်ပုတ်မှုဒဏ်ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ချင်းချင်းနီ၏။ သို့သော် ......

Thursday, July 19, 2018

လွ မ်းေ ကြွး

ပလေတိုရဲ့ သမ္မတနိုင်ငံ မဟုတ်ပါဘူး အောင်ဆန်းရဲ့ သမ္မတနိုင်ငံပါ။ ကဗျာဆရာတွေလည်း နေထိုင်ခွင့်ရှိပါတယ်။ ကျေးဇူး မကန်းရင်ပေါ့ ။ ။ေ အာ င်ေ ၀း (အာဇာနည်နေ့၊ ၂၀၁၈...

Sunday, July 15, 2018

ေ ပါ က် စို့ 

  (၁) မနေ့ တစ်နေ့က တောဝက်ကလေး ၁၃ ကောင် ဂူထဲက ထွက်လာတယ်။ (၂) ဒီနေ့ ကမ္ဘာ့ဖလားမှာ ခြင်္သေ့ ၃ ကောင် ရှုံးတယ်။ မနက်ဖြန် ကြက်ဖ တစ်ကောင် နိုင်ချင် နိုင်ဦးမယ်။ (၃) ကလေးရယ် တို့ဆီက စစ်ခွေးအိုကြီးတစ်ကောင် မသေသေးဘူး မင်းကျမှ မီးမလာတဲ့ တိုင်းပြည်မှာ ဓာတ်လိုက်လို့ တဲ့ မနက်ဖြန် မင်း...

Sunday, July 8, 2018

Monday, June 18, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ဝ )

အကယ်၍ ဇွန်လ(၁၉)ရက်နေ့တွင် … ။ ငါ့ သခင် ငါ့ ရင်ဝ မှာ လှိုင်းမ တစ်ငြိမ်။ အိမ်မိုးခေါင် မှာ လရောင် တစ်ထိုး။ ရိုးခြေနက် မှာ ရွက်သစ် တစ်ဝေ။ မြစ်ရေကြော မှာ ပန်းလှေ တစ်မျှော။ လောကကမ်း မှာ လွမ်းကြိုး တစ်နှောင်။ တောင်တံတိုင်း မှာ မြင်းရိုင်း တစ်ပြေး။ လေးညှို့ကိုင်း မှာ မြားကျိုင်း တစ်ဖြောင့်။...

Friday, June 8, 2018

ေ တာ င် စ မု တ် က ၊ေ ထာ င် ထု ပ် မ ရ ရ င် ၊ေ ကြာ င် ကု တ် မှာ လားေ ဘ ဘီ

  ဒဂုန်တာရာ ကစ မောင်လေးအောင် အဆုံး ပန်းတစ်ကုံးပဲ ဖြစ်ပါတယ်။ (သခွပ်နီ) အသိက ဘဝကို မပြဋ္ဌာန်းနိုင်ပါဘူး ဘဝကသာ အသိကို ပြဋ္ဌာန်းတာဖြစ်တယ်။ ကျနော်တို့က ခေတ်ကို မပြဋ္ဌာန်းနိုင်ပါဘူး ခေတ်ကသာ ကျနော်တို့ကို ပြဋ္ဌာန်းတာပါ။ အခုနေ မြန်မာကဗျာအကြောင်းပြောရင် အလောင်းထမ်းပြီး ပြောရတော့မှာလား။ ကျနော်...