Monday, December 6, 2010

Letters from Michigan - 40

မစ်ရှီဂန်မှပေးသောစာ အမှတ် - ၄၀အောင်ဝေးဒီဇင်ဘာ ၇၊ ၂၀၁၀မိတ်ဆွေကြီးကိုဒေါင်း-ကျန်းခံ့သာလို့ မာပါစ။ အရင်တစ်ပတ်က မျိုးဆက်သစ်တွေအကြောင်း၊ လူငယ်တွေအကြောင်း ကျနော်ပြောခဲ့တယ်။ တစ်ဆက်တည်း ဒီနေ့ခေတ် လူငယ်တွေရဲ့ ခေတ်ပြိုင်ဖြတ်သန်းမှု ပုံရိပ်တွေကိုလည်း ကျနော်မြင်ယောင်လာတယ်။ကိုဒေါင်းကြီး၊ ခင်ဗျားလည်း ဆရာမင်းကျော်ရဲ့”ငါတို့ခေတ်နှင့်အပြိုင်”၀တ္ထုကြီးကို...

Thursday, December 2, 2010

Letters from Michigan - 39

မစ်ရှီဂန်မှပေးသောစာ - ၃၉အောင်ဝေးဒီဇင်ဘာ ၂၊ ၂၀၁၀မျိုးဆက်သစ် လူငယ်များ -ကျော်ကိုကို၊ ဟန်နီဦး၊ စည်သူမောင်ဒီငြိမ်းလင်း၊ နန့်ဇိုရာဖန်း၊ ဝေနှင်းပွင့်သုန်မိတ်ဆွေကြီးကိုဒေါင်း-ကျန်းခံ့သာလို့ မာပါရဲ့နော်။ ဒီတစ်ခါတော့ ကျနော်တို့ လူငယ်ဘ၀က အကြောင်းတွေနဲ့ ဒီကနေ့ လူငယ်တွေ အကြောင်း စဉ်းစား တွေးတောမိတာလေး တချို့...

Wednesday, December 1, 2010

Letters from Michigan - 38

မစ်ရှီဂန်မှပေးသောစာ(၃၈) "---ပြည်သူ့ဘက်ကလို့ ကျနော်တို့ ယုံကြည် ထင်မှတ် လေးစားခဲ့တဲ့ အနုပညာရှင် တချို့၊ ပြည်သူကို ကျောခိုင်းသွားကြပြီ ထင်ပါရဲ့---"မိတ်ဆွေကြီးကိုဒေါင်း-ကျန်းခံ့သာလို့ မာကြပါရဲ့ဗျာ။ မိုးသံလေသံတွေကြားမှာ၊ လေးသံမြားသံ တစ်စွန်းတစ်စကိုလည်း ဟိုကဒီက ကြားနေရတုန်းပါ ကိုဒေါင်း။ ဒီအသံတွေထဲမှာ တိတ်တိတ်ကလေး ဆူညံနေတဲ့ အသံတစ်သံလည်း ရှိနေလေရဲ့ ကိုဒေါင်းရေ။ အဲဒီအသံကတော့ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊...

Thursday, October 28, 2010

on Nov 7the (part 4)

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ နိဂုံးပိုင်း]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ပန်းဆိုးတန်းမှာ ချိန်းကြမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်တစ်နေ့ လုံး ဘတ်စ်ကား လိုက်စီးမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဆူးလေဘုရားမှာ ဆုတောင်းမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ရန်ကုန်တစ်မြို့ လုံး ဓာတ်ပုံ လျှောက်ရိုက်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဒီဗွီဘီရုပ်သံ စောင့်ကြည့်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ချေဂွေဗားရားနဲ့  လက်ဖက်ရည်ဆိုင်ထိုင်မယ်။နိုဝင်ဘာ(၇)ရက်နေ...

Wednesday, October 27, 2010

on Nov 7th (part 3)

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ အပိုင်း - ၃]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မန္တလေးတောင်ပေါ် တက်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဒီပဲယင်းမှာ နှင်းမိုးရွာမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မြန်မာ့ရုပ်သံက ဟဒယရွှင်ဆေး လာမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မြ၀တီရုပ်သံက ဟာသကား ပြမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ကြေးမုံသတင်းစာ မီးလောင်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မြန်မာ့အလင်းသတင်းစာ ရေကြီးမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ငရဲပြည်မှာ လုံခြုံရေး တင်းကျပ်မယ်။နိုဝင်ဘာ(၇)ရက်နေ...

Tuesday, October 26, 2010

on Nov 7th (part 2)

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ အပိုင်း - ၂]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဝါရှင်တန်-ဒီစီမှာ လူစုကြမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဘန်ကောက်ကို ချီတက်ကြမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ရေဒီယိုကနေ ဥသြဆွဲမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဝေနှင်းပွင့်သုန်ဆီကို အီးမေးလ်ပို့ မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မဒမ်လျူရှောက်ဘိုကို အားပေးစကားပြောမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်နယူးယောက်မြို့ သတင်း လှမ်းမေးမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်မဲခေါင်မြစ်ထဲမှာပန်းခွေမျှောမယ်။နိုဝင်ဘာ(၇)ရက်နေ...

Monday, October 25, 2010

on the Nov 7th

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ အပိုင်း - ၁]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ကမ္ဘာပျက်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်သံပုံးတီးမယ်၊တောထုတ်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဆန်ဖရန်-ဂိုးဒင်းဂိတ်တံတားမှာခွပ်ဒေါင်းအလံလွှင့်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ရွှေတိဂုံမှာအောင်မြေနင်းမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ဆရာဦးဝင်းတင်နဲ့ စကားပြောမယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ရန်ကုန်တက္ကသိုလ်ဘက်လှည့်ကြည့်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်အင်ဒီယားနား-ဖို...

Sunday, October 24, 2010

အမဲလိုက်ပုံပြင်

တစ်ရံရောကမုဆိုးနှစ်ယောက်သူတို့ အမဲလိုက်ခဲ့ပုံတွေပြန်ပြောကြတယ်။တစ်ယောက်ကကြံ့လိုက်တဲ့အကြောင်း - - -တစ်ယောက်ကဖွတ်လိုက်တဲ့အကြောင်း - - -။စကား ကောင်းနေလိုက်တာသူငယ်အိပ်ဆိတ်တံစက်မြိတ်စွန်းမှာလ၀န်းချိတ်ခဲ့ပြီ။နောက်ဆုံးကြံ့လိုက်မုဆိုးကအသံပြာခဲ့ကြောင်း - -ဖွတ်လိုက်မုဆိုးကဓားမ ဆုံးခဲ့ကြောင်း - -စကားဝိုင်းသိမ်းတော့သက်ကြီးခေါင်းချထနောင်းပင်စိမ်းစိမ်းမှာလရောင်လည်း သိမ်းခဲ့ပေါ့။အောင်ဝေးမူရင်း - သောင်းပြောင်းထွေလာ...

Saturday, August 14, 2010

Letters from Michigan - 17

မစ်ရှီဂန်မှပေးသောစာ(၁၇)မိတ်ဆွေကြီးကိုဒေါင်း- ကျန်းခံ့သာလို့မာပါစ။ ရင်ထဲမှာ မကောင်းလွန်းလို့ဒီစာကို ရေးပါတယ်။ ကြားရတာ နားဝမှာ မချမ်းသာလို့ ဒီစာကို ရေးတာပါ။ အကြောင်းကတော့ ဆင်ဖြူ့ မျက်နှာ ဆင်မည်း မကြည့်ရဲတဲ့ အကြောင်းပါပဲ ကိုဒေါင်း။ မကြာသေးခင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ဇနီး၊ ရန်ကုန်မြို့ မှာ ကွယ်လွန်သွားပါတယ်။...

Sunday, August 8, 2010

Letters from Michigan - 16

မစ်ရှီဂန်မှပေးသောစာ(၁၆)အောင်ဝေးသြဂုတ် ၈၊ ၂၀၁၀မိတ်ဆွေကြီးကိုဒေါင်း- ကျန်းခံ့သာလို့မာပါစ။ အခု ဒီမှာ နေရောင်ပူနွေးတဲ့ မေလ။ မေလမှာ မေလတွေကို ကျနော် ပြန် အမှတ်ရနေတယ်။ ကျနော်တို့ ရဲဘော်ကြီး၊ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ သစ္စာပန်းများနဲ့ မေလ။ ကျနော်တို့ ပြည်သူတွေနဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့...

Monday, August 2, 2010

Aung Way - Motion Picture 22

၂၂ ရုပ်ရှင်အောင်ဝေးသြဂုတ် ၃၊ ၂၀၁၀ေ အး မြ မြ မီး လျှံေ သွး စွ န်း ေ န တဲ့ ေ က် ာ င်း နံ ရံစိ န် ပ န်း ပွ င့် လ က် ကျ န် ။ (နောက်ခံစကားပြော) “ဒေါင်းအလံလား မောင်းပြန်လား”“မြေကြီးအောက်က ကြယ်ကြွေများ” “အရိုး တွန်စေသား”သြဂုတ် ၁ - ၂...

Monday, July 26, 2010

Letters from Michigan - 15

မစ်ရှီဂန်မှပေးသောစာ(၁၅) ဆန်ဖရန်စစ္စကို Alcatraz အကျဉ်းထောင်ဟောင်း နောက်ခံဖြင့် တွေ့ရသော ကဗျာဆရာ အောင်ဝေး (ဓာတ်ပုံ-မိုးမခ)- - - နအဖ စစ်အုပ်စုနဲ့ ပူးပေါင်းသွားတဲ့ သစ္စာဖောက်တွေ တွေ့နိုင်သလို၊ နအဖ တပ်မတော်ထဲကနေ ပြတ်ပြတ် သားသား ရုန်းထွက်ပြီး ပြည်သူ လူထုနဲ့ပူးပေါင်း တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေလည်း တွေ့နိုင်တာပဲ...

Sunday, July 18, 2010

Letters from Michigan - 14

မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄) မိတ်ဆွေကြီးကိုဒေါင်း-ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှားမှု သတင်းတွေ ကြားရ ဖတ်ရတော့ ကျနော်တို့ ဒီမှာ အတော့်ကို ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရပါတယ် ကိုဒေါင်း။ ဒီမှာရှိတဲ့ ဘာလော့ဂါ ကဗျာဆရာတွေကလည်း အဲဒီသတင်းကို ဓာတ်ပုံတွေနဲ့...

Saturday, July 10, 2010

Letters from Michigan - 13

မစ်ရှီဂန်မှပေးသောစာ(၁၃) မိတ်ဆွေကြီးကိုဒေါင်းကျန်းခံ့သာလို့ မာပါစ။ ဒီမှာတော့ နွေဦးရောက်ပြီ ကိုဒေါင်းကြီး။ ဘာပဲဖြစ်ဖြစ် နွေဦးပေါက်ရင် ကျနော်တော့ ရင်ခုန်မိတာ အမှန်ပါပဲ။ အခုလည်း ဆရာဒဂုန်တာရာရဲ့’’နှင်းယွန်းဟေမန်’’ ကဗျာကနေ ငခါး (ကွမ်းခြံကုန်း) ရဲ့’’မတ်လ ရင်ခုန်သံ’’ ကဗျာတွေ အထိ ကျနော် သတိရနေတာပါ။ အဝေးရောက်...

Sunday, July 4, 2010

Letters from Michigan - 12

မစ်ရှီဂန်မှ ပေးသောစာ (၁၂)မိတ်ဆွေကြီး ကိုဒေါင်း- ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲတော့ ရုန်းကန် လှုပ်ရှားရတာတွေက များ၊ လူမအား စိတ်မအားနဲ့မို့ စာကိုတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မဖတ်နိုင်ခဲ့ပါဘူးဗျာ။ စာရေးဆရာ စာမဖတ်လို့ မရဘူး။ ကဗျာဆရာ စာမဖတ်လို့ မရဘူး။ သတင်းစာဆရာ စာမဖတ်လို့ မရဘူး။ စာနယ်ဇင်း...

Sunday, June 27, 2010

Letters from Michigan - 11

မစ်ရှီဂန်မှ ပေးသောစာ (၁၁)အောင်ဝေးစာပေဟောပြောပွဲတခုတွင် တွေ့ရသော အောင်ဝေး (ဓာတ်ပုံ-မိုးမခ)မိတ်ဆွေကြီး ကိုဒေါင်း-ကျန်းခံ့သာလို့ မာပါစ။ “ရာစုတစ်နှစ်မှာ မျိုးဆက် လေးဆက် ရှိတယ်။ ၁၈၈၅-၁၉၈၅။ အဖိုးတွေ အဖွားတွေက နယ်ချဲ့ကို တော်လှန်ခဲ့ကြတယ်။ အဖေတို့ လက်ထက်ကျတော့ ဖက်ဆစ် ဂျပန်တွေကို မောင်းထုတ်ခဲ့ကြပြန်တယ်။ သားတို့ဟာ...

Monday, June 21, 2010

Letters from Michigan - 10

မစ်ရှီဂန်မှ ပေးသောစာ - ၁ဝအောင်ဝေးမိတ်ဆွေကြီး ကိုဒေါင်း -ကျန်းခံ့သာလို့ မာပါစ။ မကြာသေးခင် လပိုင်းတုန်းက ကြားခဲ့ရ ဖတ်ခဲ့ရတဲ့ ကိစ္စ တစ်ခု အပေါ် အခြေခံပြီး ကျွန်တော် တွေးမိတာလေး တချို့ ပြောကြည့်ချင်တယ်ဗျာ။ကိစ္စက ဟေတီငလျင် ကယ်ဆယ်ရေးအတွက် နာမည်ကျော် We are the world သီချင်းကို ဒုတိယအကြိမ် မူသစ် အသံသစ်နဲ့ ပြန်ဆို ပြန် အသံသွင်းပြီး ရန်ပုံငွေ ရှာကြတယ် ဆိုတဲ့ ကိစ္စပါ။We are the world သီချင်းဟာ ၁၉၈၅ ခုနှစ်တုန်းက...

Sunday, June 13, 2010

Letters from Michigan - 9

မစ်ရှီဂန်မှ ပေးသောစာ - ၉မိတ်ဆွေကြီး ကိုဒေါင်း -ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ကန့်လန့်ကာ နောက်ကွယ်က ပုဂ္ဂိုလ်တွေအကြောင်း တွေးမိတာလေး ပြောကြည့်ချင်တယ်။ သမိုင်းမှာ လူထုတိုက်ပွဲမှာ အရေးတော်ပုံတွေမှာ အလွန် အရေးပါတဲ့ တာဝန်တွေကို ကန့်လန့်ကာ နောက်ကနေ လူမသိ၊ သူမသိ ထမ်းဆောင်သွားခဲ့ကြသူတွေ အကြောင်း ကျနော် ပြောချင်တာပါ။ဆရာကြီး မင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ’ နဲ့ ‘သူ့မှာတမ်း’ ကဗျာ နှစ်ပုဒ်မှာ အများအတွက် ကိုယ်ကျိုးစွန့်...