ကိုဗဟိန်း မှသည် ကျော်ကိုကို အထိ …
ဗိုလ်ချုပ်အောင်ဆန်း မှသည် ဒေါ်အောင်ဆန်းစုကြည် အထိ
၁၃၀၀ပြည့် အရေးတော်ပုံ မှသည် ၂၀၀၇ (သြဂုတ်- စက်တင်ဘာ) ရွှေဝါရောင် အရေးတော်ပုံ အထိ
၁၉၃၈အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပေါင်းစည်းမှု မှသည် နယ်ချဲ့ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေး
၁၉၄၅- မတ်လတော်လှန်ရေး မှသည် ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး
၁၉၆၂- ဇူလိုင် (၇)ရက် (ဆဲဗင်း ဂျူလိုင်) မှသည် တော်လှန်ရေးကောင်စီ စစ်အစိုးရ ပြုတ်ကျရေး
၁၉၆၃- ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှသည် တော်လှန်ရေးကောင်စီ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၄-ဇွန် (၆)ရက် အလုပ်သမား အရေးအခင်း မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၄- ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်း မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၅- ဇွန်၊ ရွှေတိဂုံ အထွေထွေသပိတ် မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၆ - မှိုင်းရာပြည့် မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၈၈- ရှစ်လေးလုံး လူထုအုံကြွမှု မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၈၈- စက်တင်ဘာ (၁၈)၊ စစ်တပ် အာဏာသိမ်းခံရခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ
ရရှိရေး
၁၉၈၉- ဇူလိုင်၊ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၉၀- အန်အယ်လ်ဒီ ရွေး ကောက်ပွဲ အနိုင်ရခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၉၅ - ဇူလိုင်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၉၆- ကျောင်းသားအရေးအခင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၂၀၀၃- မေ(၃၀)၊ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်း လုပ်ကြံခံရမှု မှသည် နအဖ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၂၀၀၆- ၈၈ မျိုးဆက်ကျောင်းသားများ၏ အဖြူရောင် လှုပ်ရှားမှု မှသည် နအဖ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး
၂၀၀၇- သြဂုတ်- စက်တင်ဘာ၊ သံဃာ၊ ကျောင်းသား၊ ပြည်သူ ရွှေဝါရောင် သွေးစည်းမှု၊ အ၀ါရောင်သွေးတော်လှန်ရေး မှသည် နအဖ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး
လွတ်လပ်ရေး …
ဒီမိုကရေစီရေး …
ငြိမ်းချမ်းရေး …
တရားမျှတရေး …
လူ့အခွင့်အရေး …
ညီညွတ်ရေး …
အရေးတော်ပုံပေါင်း
ထောင်သောင်းမက
မြောက်မြားလှစွာ
သမိုင်းစာမျက်နှာမှာ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
“ဗကသ” ဆိုတာ
All Burma Federation of Student Unions
“ABFSU” ဆိုတာ
ရာဇ၀င် ပြောင်မြောက်
မကြောက် သတ္တိ
နီဘိရဲရဲ
ခွပ်ဒေါင်း အသည်းနဲ့
ဖိနှိပ်သူ မှန်သမျှ
စစ်အာဏာရှင် မှန်သမျှ
အမြဲတော်လှန် ဖြုတ်ချတဲ့
အာဂ အင်အားစု ကျောင်းသားထုရဲ့
တိုင်းပြုပြည်ပြုဦးဆောင်မှု အလံတော်ပဲ။
ဒီအလံတော်ကို
မြစ်ဧရာပေါ်မှာ
ကျဆုံးသူများရဲ့ အုတ်ဂူပေါ်မှာ
လူထုရဲ့ ရင်ပြင်တော်မှာ
ပြည်သူ့တပ်ဦးမှာ
မြူးမြူးကြွားကြွား
ငွားငွားစွင့်စွင့်
ဒါ့ထက်ပိုပြီး ရဲရဲရင့်ရင့်
မြင့်မြင့်မားမား လွှင့်ထူကြရမယ်။
“မြင်းခွာ တချက်ပေါက်ရင်
ဗမာတပြည်လုံး
မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့
ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း မှသည် …
“ဒီမိုကရေစီ အရေးတော်ပုံကြီးအတွက်
အရိုးတွေ တောင်လိုပုံမှ ရမယ်ဆိုရင်
ကျနော်တို့ ကျောင်းသားတွေရဲ့ အရိုးက
ဟိုး အောက်ဆုံးမှာ ရှိနေပါလိမ့်မယ်” ဆိုတဲ့
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မှသည် …
၂၀၀၈ ငါတို့ခေတ်နှင့် အပြိုင်
ရင်ဆိုင် ချီတက်
မျိုးဆက်သစ် အရေးတော်ပုံ
ရွှေတိဂုံ သပိတ်စခန်း မှသည်
နေပြည်တော် သိမ်းပိုက်ရေးအထိ
သွေးမော်ကွန်းဟောင်း၊ လမ်းသစ်ကြောင်းမှာ
ခွပ်ဒေါင်း အလံတော်၊ တိုက်ပွဲခေါ်
(ဒါဟာ …)
ကျော်ကိုကိုတို့ခေတ်ရဲ့
ဗကသ အောင်ပွဲဖြစ်တယ်။
ဒါဟာ …
ကျော်ကိုကိုတို့ခေတ်ရဲ့
“ဗကသ” မဟာ အောင်ပွဲ ဖြစ်တယ်။ ။
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
(၁၄-၁၀-၀၇)
(မျိုးဆက်သစ် ဗကသ ကျောင်းသားခေါင်းဆောင် ရာဟု(ခ)ကျော်ကိုကို အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်သွားသည့် သတင်းကို ကြားရပြီးနောက် ဤကဗျာကို ရေးပါသည်။)
(မူရင်း - DFB စာမျက်နှာ)
Related Posts:
က ပ် ငါက ကောင်းကင်နဲ့ထိဖို့ ၃ ပေ၊ ၃ လက်မပဲ လိုတော့တယ်။ ရန်သူက ၆ ပေ အကွာမှာ ရှိတယ်။ စိတ်ကို ခွာလိုက်တော့ ငါ့ရေကန်လေးမှာ ကြာပန်းတွေ ပွင့်လာတယ်။ ။ အောင်… Read More
သေနင်္ဂဗျူဟာမြောက်အလွမ်း (နိဂုံး) တိုင်းပြည် ငြိမ်းချမ်းအောင် လုပ်ကြစို့ မမခင်ဦးစံပယ်ရေ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပင်ပန်းလှပြီ။ ကတုတ်ကျင်းတွေလည်း နက်လွန်းမက နက်လွန်းလှပြီ။ ငြိမ်းချမ… Read More
က ပ် ( ၄ ) သံပရာသီး ၅ လုံး ဆီးသီး ၅ လုံး ဘုရားကပ်တယ်။ လက် မပြတ် ဆေးတယ် နှာခေါင်းစည်း တပ်တယ်။ အိမ်မှာ နေတယ် ရတနသုတ် ရွတ်တယ်။ သံသယနဲ့ ၆ ပေ အကွာမှာထိုင်တယ် သ… Read More
က ပ် ( ၃ ) ဆောရီးပဲ သူငယ်ချင်း။ ဒီအချိန်မှာ မသာအခွင့်အရေး မပြောပါနဲ့ ကမ္ဘာကြီး ပြည့်လုနီးပြီ။ သဘောပေါက် ၆ ပေ တစ်ကျင်း ညီမျှခြင်းပဲ မင်းပါးစပ် ပိတ်ထား။ ။ အေ… Read More
က ပ် ( ၂ ) လက်ဆေးတယ်။ လက်ဆေးပြီး သေနတ် ကောက်ကိုင်တယ်။ ကျည်တောင့်က ၁၄ ရက် မစောင့်ဘူး။ စစ်ဘေးရှောင်ရွာကလေးတွေ အမှောင် မခွာသေးဘူး။ မောင်ရင်တို့စိတ်တွေကို အရ… Read More
0 comments:
Post a Comment