ဒီမြစ်မှာမှ လကသာနေတော့ရဲ့
အိပ်တန်းပျောက်၊ ငှက်တစ်ကောင်
တောင်ပံခတ်ငိုနေသလား
ဘယ့်နှယ့်၊ ညရဲ့အရည်တွေ တရွှဲ ရွှဲ
ငါ့ကိုယ်ပေါ် စီးဆင်းနေလိုက်ကြတာ
ပင်လယ်မင်္ဂလာဆောင်က ပြန်လာတဲ့
ဟိုးဝေးဝေး မြင်းခွာသံကိုတောင်
စိုစို စိမ်းစိမ်း မြင်ရတယ်
တုံးလုံးပက်လက်
အိပ်မပျော်သူကြီးပါလေ
အနှစ်နှစ် အလလက
တောအုပ်ကလေး ခြုံခြုံ ပြီး
အရှက်လုံအောင် ထိန်းထိန်းနေရပုံ
ဘဝမှာ
သစ်ခုတ်သမားတွေမလာခင်
နွေဦးရယ် ရှင်ကွဲ မကွဲပါရစေနဲ့ ၊ ယုံနော် ။ ။
အောင်ဝေး
(မူရင်း - စပ်မိစပ်ရာဘလော့ဂ်)
အထီးကျန်တောင်ကုန်း
Related Posts:
စ စ် ( ၂ ) ဖြစ်လာရင် ဆုတောင်းဖို့ချည်းပဲ။ ကယ်လီဖိုးနီးယားက လူကလည်း ရွှေဘိုက လူကို လှမ်းဆူ။ လပွတ္တာက လူကလည်း မစ်ရှီဂန်က လူကို လှမ်းပူ။ ဘယ်က ပစ်နေမှန်း မသိ ပစ… Read More
စ စ် ကလေးစကား မပြောနဲ့။ ဒါ ကိုယ့်ဘေး ကပ်ဖြစ်နေတာ။ မင်းမှာ ရွေးချယ်ပိုင်ခွင့် မရှိ။ ကိုယ်ချင်းစာတရား ပဲ တို့အားလုံး လက်နက်။ ။ အောင်ဝေး (ဧပြီ ၁၅၊ … Read More
စ စ် ( ၅ )ကပ်ကြီးဖြစ်၍အချစ် တစ်လမ်း၊ စစ် တစ်လမ်း။စစ်လမ်းကျ၍ ... ။ရုရှားက နှင်းဆီပန်းတွေလည်းကြေရ နွမ်းရ။ဟော်လန်က လီလီပန်းတွေလည်းကြေရ နွမ်းရ။ဝါရှင်တန်၊ ဒီ၊ စီ က ခ… Read More
စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀) ## စ စ္ ( ၄ )ဟိုကအတြ… Read More
0 comments:
Post a Comment