Wednesday, June 4, 2008

လှောင်အိမ်

စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။

စိတ်က လွမ်းနေတော့
အရောင်တွေလည်း လွမ်းတာပေါ့။

စိတ်က မှိုင်းနေတော့
အရောင်တွေလည်း မှိုင်းတာပေါ့။

စိတ်က ဆွေးနေတော့
အရောင်တွေလည်း ဆွေးတာပေါ့။

စိတ်က အုံ့နေတော့
အရောင်တွေလည်း အုံ့တာပေါ့။

စိတ်က နာနေတော့
အရောင်တွေလည်း နာတာပေါ့။

စိတ်က ငိုနေတော့
အရောင်တွေလည်း ငိုတာပေါ့။

စိတ်က လွင့်နေတော့
အရောင်တွေလည်း လွင့်တာပေါ့။

စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။

နောင်ဆိုရင်
အရောင်တွေကို
လှောင်ပိတ်ထားလို့ရမှာ မဟုတ်တော့ပါဘူး။ ။

(ပိပိသို့ . . .)

အောင်ဝေး
(၂၀၀၇-ဖေဖော်ဝါရီလထုတ် - ရတီမဂ္ဂဇင်း)

(မူရင်း - ကဗျာသီတဲ့ကြိုး ဘလော့ဂ် )

Related Posts:

  • ၂ ၀ ၂ ၀ ( ၂ ၁ ) မှောင်နေတုန်းတံတားပေါ်မှာမှောင်နေတုန်း။ရထား လာပြီဆန္ဒတွေ စင်းလုံးပြည့်ရထား လာနေပြီ။တံတား အဖြတ်မြစ်ကရပ်ပြီးအောင်ပွဲကို မော့ကြည့်နေတယ်။မကြာခင်ရောင… Read More
  • ၂ ၀ ၂ ၀ ( ၂ ၄ ) တရားသဖြင့်လွမ်းခွင့် ရှိမှပန်း ပွင့်ရသတဲ့။လမ်းကလေးညီညာသော၊ ခိုင်မာသော ခြေလှမ်းတွေသူ ထမ်းခဲ့။လမ်းကလေးခြေလှမ်းတိုင်းသစ္စာရှိသောနွေဦးဆီ ဦးတည်ခဲ့။လမ… Read More
  • ၂ ၀ ၂ ၀ ( ၁ ၆ ) ဒီမိုကရေစီ နဲ့စစ်အာဏာရှင်စနစ်ကကာရန် မသင့်ဘူး။လူ့အခွင့်အရေး နဲ့လူမျိုးရေးဝါဒကကာရန် မသင့်ဘူး။ရွေးကောက်ပွဲ နဲ့နာဂစ်ခြေဥကကာရန် မသင့်ဘူး။မိတ်ဆွေ ...မ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၂ ) တို့ စိုက်ထားတဲ့အရိပ်ရပင်ကလေး။လစ်ရင် လစ်သလိုဟို ဆိတ်က ဝင်စားလိုက်ဟို နွားက ဝင်ဝှေ့လိုက်ဟို ကျွဲက ဝင်ခတ်လိုက်ဟို ခွေးကအပင်ရင်းကပ် သေးပန်းလိုက်နဲ့… Read More
  • ၂ ၀ ၂ ၀ ( ၂ ၃ ) သူကငါတို့ ရင်အုံက လှံကိုနုတ်ပေးခဲ့။ငါတို့ကသူ့နောက်ကျော စိုက်နေတဲ့ဓားကိုမေ့လို့။ကျေးဇူးတရား ဆိုတာခမ်းနားတဲ့ လရောင်။နောက်ဖေးလမ်းကြားကခွေးတွေကတော့ဟောင်နေ… Read More

0 comments: