Thursday, June 5, 2008

ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ


သားရေ
လွတ်လပ်မှုဆိုတာ
လိုအပ်မှုကို သဘောပေါက် နားလည်ခြင်းပဲ။

ဒီနေ့
ဖေဖေတို့ ဘာလိုအပ်နေသလဲ။

၁၉၄၈
ပထမ စစီးခဲ့တဲ့မြစ်
၁၉၆၂ မှာ ရေတိမ်နစ်ခဲ့ရတယ် …။

၁၉၈၈
သားတို့ခေတ်ရဲ့
ဒုတိယ သွေးမြစ်တစင်း
၂၀၀၇ ကိုချင်းနင်း
ဆက်လက် စီးဆင်းခဲ့ပြီ …။

လွတ်လပ်ရေးသစ်ဟာ
ဖေဖေတို့ ဒီနေ့လိုအပ်နေတဲ့
ကဗျာပဲပေါ့ သား …။

၂၀၀၈ သည်
ရေစီးသန်သော မြစ်တမြစ်
ဖြစ်ပါစေသတည်း …။ ။

အောင်ဝေး

(မူရင်း - ခေတ်ပြိုင်ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် )

Related Posts:

0 comments: