Wednesday, June 4, 2008

အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ

(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)


(၁)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။

(၂)
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘ၀ကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။

(၃)
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေ၀မီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
အစိုးရ အကြမ်းဖက်ဝါဒကို
သတ်ရဦးမယ် အမေ …။ ။

အမေ့သား-အောင်ဝေး
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

(မူရင်း-ခေတ်ပြိုင်)

Related Posts:

  • Aung Way - Guru 1 Year Poem… … ကဲ့သို့ သော အမေ့ကဗျာများအောင်ဝေးနိုဝင်ဘာ ၂၉၊ ၂၀၀၉အမေ့အိမ်မှာကျနော်ကနံရံကိုမှီထားတဲ့ ဂစ်တာ။ဝေးသွားတဲ့အခါဒေါင်းအလံပတ်ထားတဲ့မောင်းပြန်သေနတ်ဟာကျနော်ဖြ… Read More
  • new year wishနှစ်သစ်ကူးဆုတောင်း၂၀၁၀ သည်မြစ်တစ်မြစ်ဖြစ်မယ်ဆိုရင်လည်းရေစီးသန်သောမြစ် ဖြစ်ပါစေ။၂၀၁၀ သည်မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင်လည်းဒုန်းစိုင်းနေသောမြင်း ဖြစ်ပါစေ။၂၀… Read More
  • poem on Pai Thaယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံယုန် တောင်ပြေး၊ ခွေး မြောက်လိုက် တဲ့ယုန် မြောက်ပြေးရင်၊ ခွေး တောင်လိုက်မလား။ယုံတဲ့ယုန်က ယုံ၊ မယုံတဲ့ယုန်က မယုံ။မုန်လ… Read More
  • Aung Way - To Aung San Oo with Loveအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာဗိုလ်ချုပ်၏ သားဦးဦးအောင်ဆန်းဦးခင်ဗျာကျနော် ကဗျာဆရာ အောင်ဝေးရိုသေစွာ စာရေးလိုက်ပါတယ်။++++++++သားဦး အရူး တဲ့မြန်မာစကာ… Read More
  • poem from Moemakaပွဲရွေး ... ရွေး ... ပြီး ကောက်ပါကွယ်ဆွမ်းဆန်ထဲကြွက်ချေး ရောနေတယ်။ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်စားတော်ပဲဗန်းထဲစုန်းပြူး ပါနေတယ်။ရွေး ... ရွေး ...… Read More

0 comments: