Wednesday, June 4, 2008

မဲဆောက် လည်ပြန်

မဲဆောက် ရေ …
ထမြောက်တဖန်
ခွဲရပြန်ပြီ။

တိုင်းပြည်ကို စွန့်ခွာခဲ့တာလား
တိုင်းပြည်က စွန့်ပစ်လိုက်တာလား
ဒဏ်ရာ ရ ထား
နှလုံးသားရေ …
အနားယူပေတော့။

ကြယ်ကြွေ ရေဆန်
မုန်တိုင်းထန်လည်း
တော်လှန်ရေးသစ်
တို့ ရေးခြစ်မည်
တနှစ်အတွင်း
မြစ်တစင်းဟာ အတင်းတိုးဝှေ့လာတော့မယ်။

ခြင်္သေ့ ပဲ
မရဲရင့်ဘဲ နေပ့ါမလား
မဲဆောက် ရယ်
ရဲရဲလွမ်းရပြန်ပြီလေ။

အောင်ဝေး

မတ် ၁၈၊ ၂၀၀၈

(မူရင်း-မိုးမခ)

Related Posts:

  • မမခင်ဦးစံပယ်သို့ တမ်းချင်း (၃)မမခင်ဦးစံပယ်သို့ တမ်းချင်း (၃)အောင်ဝေးအောက်တိုဘာ ၁၀၊ ၂၀၀၈မစ်ရှီဂန်မှာတော့တဆောင်းသစ်ပြန်ပေါ့။ကျနော့်တိုင်းပြည်ကလေးပေါ်မှာဒုက္ခမိုးတွေ စွေစွေရွာနေရော့မယ်… Read More
  • We want 3 F's1st – We want FREEDOM.We want "Freedom" for our future …2nd – We want FRIENDSHIP.We want "Friendship" betweenOur Army and Our People …3rd – We want FO… Read More
  • poem on the bird undergroundမမခင်ဦးစံပယ်သို့ တမ်းချင်း (၂)မမခင်ဦးစံပယ်ရယ်မြေကြီးအောက်မှာ ငှက်တကောင်ရှိတယ်။မြေကြီးအောက်ကငှက်ဟာတောင်ပံတဖက်တည်းနဲ့ မြေကြီးကိုယက်ပြီးကောင်းကင်ပေါ်တက်… Read More
  • မမခင်ဦးစံပယ်သို့ တမ်းချင်းမမခင်ဦးစံပယ်ရေဒီအချိန်ဟာဆမ္မားပေါ့။ဒီမှာပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်မည်းမည်းရှော့ပင်တိုတွေလမ်းသလားတဲ့ ရာသီလာပြီ။ခေတ်ကြီးက ရှေ့ကိုတဟုန်ထိုး တို(တို)တက… Read More
  • poem for people living with HIVကလေးတစ်ဒါဇင်နဲ့ တစ်ယောက်အို........ မန္တလေးကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်လူတွေက ဂလိုဘယ်တော့ ဆန်ချင်တယ်ကွန်ဒုံးတော့ မသုံးချင်ဘူးအို........ မန္တလေးကလေးတစ… Read More

0 comments: