" ရွာငယ်ဇနပုဒ်
မီးလေးမှိတ်တုတ် "
ရင်ခလုပ်နှိပ် တေးသံတိတ်ပြီ
ဒိတ်...ဒိတ်
ဒိတ်...ဒိတ်
စိတ်နှင့်ရင်ခုန် မှုန်ရီေ၀၀ါး
ငါးရှာသလား ဖားပါသလား
လယ်ကွင်းရိုးများ ကန်သင်းကြား
မြွေပါးကင်းပါးမကြောက်
လမ်းပျောက်နေတဲ့ ကလေးငယ် ။
ဒီဇယ်မီးခွက်
တဲအိုထက်
စာရွက်ပေါ်က
ထမင်းကျနိုး ဟင်းကျနိုး
" ပညာရွှေအိုး
လူမခိုး "
တိုးတိုးဖတ်ပါသားရယ်..တဲ့
အမေနိုးနေတယ် ။
မနက်ကည
ဝမ်းခါးမလှ
နေ့တဓူဝ ရုန်းကန်ရ
မုဆိုးမအမေ
လယ်ထွန်မြေဆွ ပင်ပန်းလှ
လမဲ့တစ်ည အိပ်မရတော့
ဘ၀လယ်သူကူပါ့မယ်
အိပ်မက်ငယ်တို့ ပျက်ပြယ်သွား
ပင်လယ်ဝေပေါ့ ဒုက္ခများ ။
မနက်လင်းတော့
ဆင်းရဲတဲ့သား ငါးရောင်းပြီးမှ
ကျောင်းကိုသွား
နွမ်းပါးချို့ ငဲ့
ဆင်းရဲတဲ့အမေ
သေသူကိုလွမ်း သားကိုလွမ်း
အလွမ်းများနဲ့
စပါးခင်းဝင် ကောက်ငန်းပြင်
ထိုစဉ်...
ပါးပြင်စိုသွား မြေစိုသွား
မျက်ရည်ပေလား မိုးရေလား
မိုးရေပေလား မျက်ရည်လား ..။
အောင်ဝေး
(မူရင်း - ညိမ်းညိုဘလော့ဂ် )
မိုးရေမျက်ရည် တဖွေးဖွေး
Related Posts:
ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့  ( အ ပို င်း - ၄ ၊ နိ ဂုံး ) ( ၄ )ဘော ... အိုရဲသွေးလာမယ့်ဘေး ပြေးတွေ့ အမေကမွေး ထောင်ကကျွေးတို့ ကျောင်းသားတွေ ညီရဲ့ လားဟေ့ညီတယ်ဟေ့ ညီတယ်ဟေ့ တဲ့ချီလေတဲ့ ချီလေ(ကန်မြဲကိုအေးေ… Read More
ေ အာ င် ဆ န်း ဘု ရား ဖူး နှမပြာဝင်း၊ ညီသစ်ဆင်းလင်းအရုဏ်ပြင်၊ ကြယ်နီဆင်မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။နှမပြာဝင်း၊ ညီသစ်ဆင်းမင်းတို့ ဖခင်၊ ကျေးဇူးရှင်သခင်အောင်ဆန်းလေ- သခင်အောင… Read More
ငါ တို့  ဆ က် ချီ တ က် မှ ဖြ စ် မ ယ်ေ ကျာ် ကို ကို (မန္တလေးမှ လက်ပံတန်း၊ လက်ပံတန်းမှ ရန်ကုန်) AN EPIC MARCH FROM MANDALAY TO RANGOON မိန်းမလျာဆန်ဆန် တန်ပြန်ဆန္ဒပြနေတဲ့ အောက်တန်းစားအစိုးရနေ… Read More
ဗို လ် ချု ပ်ေ အာ င် ဆ န်း အဲ ချ င်း သ စ် အဲဒါလေ … မသေလမ်းပဲမခန်းသောမြစ်၊ စီးရစ်သွင်ဆဲရှင်သူတို့ လွမ်း၊ တမ်းတဆွေးမြဲသူ့ သွေးနံ့ က၊ ပျံ့ သင်းထုံဆဲသူ့ ဂုဏ်ရည်နဲ့ ၊ တစ်ပြည်လုံးစွဲမိုးစုံးချုပ်မေ… Read More
မု ဆိုး မ ဆုေ တာ င်း (POEM FOR DAW KHIN WIN) ဥုံ အရဟံ သစ္စာကတိတွေနှင့်ဂဠုန် သရဏံ ဂစ္ဆာမိပါ ဘုရား။လက်ပတောင်းကခြောင်းခြောင်း ဒေါသ၊ မျက်ရည်ကျ။လိပ်ခွံတောင်ခြေသွေးတွေ သွေးတွေ၊ မြစ်မရေ။သိန်းစိန်ရေ… Read More
0 comments:
Post a Comment