Thursday, June 5, 2008

ညီမောင် စစ်သည်သို့။


ညီမောင် စစ်သည်ရေ
တကယ်လို့ မင်းဟာ စစ်သားကောင်းတယောက် ဖြစ်မယ်ဆိုရင် ―
မင်း စိတ်ထဲမှာ
မင်း ရင်ထဲမှာ
မင်း နှလုံးသားထဲမှာ
စစ်သားတယောက်ဟာ စစ်သားတယောက် သက်သက်မဟုတ်တော့ဘူး။

တကယ်လို့ ညီလေးဟာ မျိုးချစ်ရဲဘော်တဦး ဖြစ်မယ်ဆိုရင် ―
စစ်သားတယောက်ဟာ
ကျောင်းသားတယောက်
ဒါမှမဟုတ် သံဃာတပါး
ဒါမှမဟုတ် ပြည်သူတဦးလည်း ဖြစ်နိုင်တာပဲ။


တကယ်လို့ ငါ့ညီဟာ ဒီမိုကရေစီဘက်သား စစ်သည်တော်တပါး ဖြစ်မယ်ဆိုရင် ―
စစ်သားတယောက်ရဲ့ အဓိပ္ပါယ်မှာ မင်းဟာ
ကျွန်တယောက် မဟုတ်သလို
သားသတ်သမားလည်း မဟုတ်ဘူး
ထို့အတူ သစ္စာဖောက်လည်း မဟုတ်ဘူးပေါ့။

မင်း အပါအ၀င်
တို့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေ
မင်း အပါအ၀င်
တို့ ဒီမိုကရေစီ မြတ်နိုးသူတွေ
မင်း အပါအ၀င်
တို့ ငြိမ်းချမ်းရေး ကြိုးပမ်းသူတွေ
တို့အားလုံး လက်ချင်းချိတ်ပြီး အစိုးရတရပ် ―
ပြည်သူ့အတွက် ပြည်သူက ရွေးချယ်တင်မြှောက်တဲ့
အဲဒီလို ပြည်သူ့အစိုးရတရပ်
တို့ တည်ဆောက်ကြရအောင်။

ကဲ … ညီမောင် စစ်သည်အပေါင်းတို့
အချိန်မဆိုင်းဘဲ နည်းလမ်းရှာကြံပြီး
ပြည်သူတွေကို ကယ်တင်ကြလော့ ―
ပြည်သူတွေကို ချစ်ကြလော့ ―
ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ကြပါလော့ ။

အောင်ဝေး (စစ်သားဟောင်းကြီး တဦးရဲ့ သား)
(၅-၁၀-၀၇)
(မူရင်း - အင်ဒမန်ဟီးရိုးနစ်နေမန်းကိုနစ်နေမန်း တို့၏ ဘလော့ဂ်များ )

Related Posts:

  • Cherry Mag poem 01ခြင်္သေ့စောင့်တဲ့ နှင်းဆီခင်းအောင်ဝေးဦးခေါင်းထဲကစောင်းအိုးကဗျာနိုးတဲ့ ညဥ့်နက်နက်အိပ်မက်ခိုးဖို့နှိုးခတ်စရာ တေးကြိုးမရှိ။ကဗျာမပွင့်တဲ့ရင်ထဲရဲမြ မြားရိုင်… Read More
  • Sea Gipsy Normal 0 false false false MicrosoftInternetExplorer4 st1\:*{behavior:url(#ieooui) } !-- /*… Read More
  • poem for Saya Zawgyiတိုင်းပြုပြည်ပြု ယဉ်ကျေးမှုလောစကခန်း၊ ဗေဒါလမ်းမှလွမ်းစိတ်ဖြတ်သန်း၊ ပုလံလမ်းသို့ … ။ပန်းပေါင်းတရာ၊ မှိုင်းဋီကာမှတရာလမင်း၊ ညီသစ်ဆင်းသို့ … ။အေသင်မြို့ပြ၊ … Read More
  • ရွှေ့ပြောင်းအိပ်မက်ဧရာဝတီမှ မစ္စစ္စပီသို့ ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။မုဆိုးတွေ စည်းပျက်တော့ယာခရိုးကချိုးလင်းပြာ ငှက်ကလေးလည်းလွတ်ရာပြေးရတာပေါ့။တရားမမျှတတဲ… Read More
  • U Win Tin's poem from Yaw Han Aung's blogကျားရဲ နေပြင်းလျှင် ပြင်း နှင်းမှုန်လည်း မှုန်စွေ့စွေ့ခုန် အိုက်လိုအိုက်ခိုက်ခိုက်တုန် ချမ်းလိုချမ်းအခန်းကျဉ်းကျဉ်းအလင်းမ၀င် ….. လေမ၀င်နေမမြင် ….. လမမြင… Read More

0 comments: