Wednesday, June 4, 2008

နာမည်

ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။

မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။

ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ...။

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။

ဖေဖေ...ဒါဆိုရင်

ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။

အောင်ဝေး
(၁၉၉၉)
(မူရင်း-ဘိုဘိုဘားမားဘလော့ဂ်လမ်းအိုလေးဘလော့ဂ်Freedom Fighter for Burma ဘလော့ဂ်)

Related Posts:

  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၆ ) "အောင်ဆန်း" သူ့နာမည်နဲ့ မွှေးတဲ့နှင်းဆီ မြန်မာပြည်။ "အောင်ဆန်း" သူ့နာမည်နဲ့ စီးတဲ့မြစ်ရေ ဧရာဝတီ။ "အောင်ဆန်း" သူ့နာမည်နဲ့ တွန်တဲ့ငှက်ကောင်း အို- ခ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၇ ) ငါ့ ပခုံး နဲ့ မင်းအလောင်းကို ထမ်းမယ်။ မင့်း ပခုံး နဲ့ ငါ့ အလောင်းကို ထမ်းပါ။ ရဲဘော် ရဲဘက် ဆိုတာ စမ်းချောင်းကလေး စီးနေသလို တစ်ယောက်… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၈ ) အိုဘယ့်ဘယ် ... အိုဘယ့် မြသီလာ။ နွမ်းမိ နွမ်းမော ကံ့ကော်တောက ညတွေ။ ချစ်သူ့ တစ်ရင် ငု တစ်ပင် ငု တစ်ပင်လုံး ၀ါ သူ့ တစ်ရင်လုံး ကဗျာ နှစ်ကာလတွေ။ နာကြ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၉ ) "ပုဂံ မှာမွေး၊ ပုဂံသွေးမို့ အလေး မမူ အသက်ပင် လှူခဲ့ပေါ့ " တဲ့ ဆရာဇော်ဂျီ ရေးခဲ့တယ်။ "အောင်ဆန်း က မွေး၊ အောင်ဆန်းသွေးမို့ အလေး မမူ အသက်ပင် လှူခဲ့ပေါ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၅ ) ငါ မချစ်ဘူး ဧရာဝတီမြစ်ဆုံကို မချစ်တဲ့သူတွေ ငါ မချစ်ဘူး။ ငါ မချစ်ဘူး တိုင်းပြည်နဲ့လူမျိုးကို မချစ်တဲ့သူတွေ ငါ မချစ်ဘူး။ ငါ မချစ်ဘူး ပြည်သူနဲ့လူထုကိ… Read More

0 comments: