Wednesday, June 4, 2008

ဘေဘီနီလာသိန်း ဧချင်း

လည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။

သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

နို့မ၀၍
ညညထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တမိုးသောက်လျှင်
နောက်ထပ်တဖန် ငိုဦးမည်။

ဖ မတွေ့၍
ညညနေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး၊ ငိုရှာမည်။

မိ မလာ၍
နို့ဆာနို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ၊ ငိုတော့မည်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

နို့မရ၍
တညထငို၊ ကျီးအုပ်ပြိုသည်
ခွေးညိုထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။

အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။


ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ၀င်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
“စစ်အစိုးရ ကျဆုံးပါစေ”။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
“လူထုအစိုးရ ပေါ်ထွန်းပါစေ”။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။

အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။

ဟိံ သစ္စံ၊ အမှန်ဖက်၍
“အစိုးရပျက်”
“အာဏာစက်”ကို
ဓမ္မစက်နှင့် “ဖျက်”စေသတည်း။ ။

အောင်ဝေး
(၂၉-၉-၀၇)

(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ်သို့ …)

(မူရင်း- ဒေါက်တာလွဏ်းဆွေလူသစ် ဘလော့ဂ်များ)

Related Posts:

  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၇ လူထုကဗျာ။လူထုကဗျာငါ့ကဗျာကိုလာခိုးနေတယ်။ညကနက်နက်လက်တစ်ဖက်နဲ့စာရွက်ပေါ်ကအာဏာရနိုး။ညကနက်နက်လက်နှစ်ဖက်နဲ့စာရွက်ပေါ်ကသမ္မတဖြစ်နိုး။နိုး နိုး နိုး နဲ့… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၅ကပ်ကြီးအတွင်းက ကဗျာ(၃)ပုဒ်။(၁)အခုအချိန်က ဆောင်းဥကနေ၊ ဆောင်းနုနုကလေးပေါက်လာတဲ့၊ ဆောင်းဥပေါက်ချိန်၊ ဆောင်းဦးပေါက်ချိန်။တစ်နွေလုံး စိမ်းလန်းဝေဆာလာတဲ့ သစ်… Read More
  • ေ တ ာ် လှ န် ေ ရ း  ဆူး စူး၍လျှင်အပ်နှင့် ထွင်သည်အသင် ဘာပြောချင်သနည်း။   ။ေ မ ာ င် သ ာ ရ(၁၉၃၁-၂၀၁၆)+++ယနေ့ ဘာတော်လှန်ရေးလဲဆိုတာ ယနေ့ ပြည်သူအများစု(အများစု… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၆ အနံ့။မရတော့ဘူး။သေမင်းကသူ့ပန်းပွင့်တွေမပွင့်ခင်သေသွားနှင့်လို့။သေခြင်းရဲ့ရနံ့ငါ မရတော့ဘူး လုမိုင်။    ။(သူငယ်ချင်း ငြိမ်းအေးအိမ် သ… Read More
  • တူ ရိ ယ ာ သံ စုံ စည်းသံက ချွင်ဘင်သံက ဒိန်း။မောင်းသံမှာ ဒီဟီနှောတယ်ဗြောသံက ဗြိန်း။     ။ဗို လ် ေ အ ာ င် ေ ကျ ာ်(ကျောင်းသားအာဇာနည်)(၁၂၇၇-၁၃၀၀)+… Read More

0 comments: