Wednesday, June 18, 2008

spring in Michigan

အဝေးရောက်ကဗျာတစ်ပုဒ်


မစ်ရှီဂန်နွေဦး

ဒီနွေဦးမှာ
ဂျူးလိယက်ဖူးချစ်ကို သတိရသလို
ယာမာဂူချီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပါဘလိုနီရူဒါကိုသတိရသလို
ဒဂုန်တာရာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မဲဆောက် ဒေါင်းရင်ပြင်ကို သတိရသလို
တာမွေ ၁၆၄ လမ်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ရွှေလီက မြန်မာတန်းကို သတိရသလို
ရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလို
အင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ချာလီချက်ပလင်ကို သတိရသလို
ဇာဂနာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဘော့ဘ်ဒိုင်လန်ကို သတိရသလို
ခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မော်ရဲ့ချန်ချင်းကို သတိရသလို
ကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အော့ဇဝစ်ကို သတိရသလို
စောဝေကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
သီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလို
အဖြူရောင်သက်တံကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
နန္ဒာလှိုင်ကို သတိရသလို
စုစုနွေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မန်ချက်စတာယူနိုက်တက်ကို သတိရသလို
စိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလို
တောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငုယင်ဗန်ထရွိုင်းကို သတိရသလို
ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မစ္စစ္စပီကို သတိရသလို
ဧရာဝတီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလို
မြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဆရာတင်မိုးကို သတိရသလို
မန္တလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပဒိုမန်းရှာလားဖန်းကို သတိရသလို
ကြွက်နီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အင်တာနေရှင်နယ်သီချင်းကို သတိရသလို
နတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဂက်တီးစဘတ်မိန့်ခွန်းကို သတိရသလို
ယင်အန်းမိန့်ခွန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဝက်သစ်ချပင်နဲ့ ဖဲကြိုးဝါကို သတိရသလို
ပိတောက်ပန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
စွန့်လွှတ်မှုကို သိရသလို
စွန့်စားမှုကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငါသတိအရဆုံးကတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မေလတော်လှန်ရေးပါပဲ။ ။


အောင်ဝေး


(မူရင်း Freedom Fighter for Burma ဘလော့ဂ်နေနတ်ရှင်ဘလော့)

Related Posts:

  • လ ရောင် မြ မြဖီဒယ်တော်လှန်ရေးဆိုတာမာလင်ငါးကြီးအရိုးကျတာ မဟုတ်ဘူး။ဖီဒယ်ဒီညမင်းရဲ့ဂူဗိမာန်မှာလသာနေသလား။မင်းရဲ့ဝိညာဉ်ပေါ်မှာလသာနေသလား ဖီဒယ်။ဝက်ပင်လယ်အော်မှာကာရစ်ဘီယံပ… Read More
  • အောင်ဝေးကော့တေးလ် မော်စီတုန်းက ပြောတယ်မာရီလင်။လူဟာနေ့စဉ်လက်တွေ့တိုက်ပွဲကြီး(၃)ရပ်ဖြတ်သန်းနေရသတဲ့။၁။ လူတန်းစားတိုက်ပွဲ၊၂။ ကုန်ထုတ်လုပ်ရေးတိုက်ပွဲ နဲ့၃။ သိပ္ပံပညာစမ… Read More
  • စိမ်းလန်းသောဒုက္ခများ အရှုံးကို ဝန်မခံရဲသူဟာအနိုင်ကိုလည်းတစ်စက်ကလေးမှ လက်မခံရဲသူ ဖြစ်တယ်။အို- ကိုယ်ချင်းစာတရားငဲ့အာဃာတနဲ့ အမုန်းရှုံးပါစေ။ချစ်ခြင်းမေတ္တာနဲ့ ဥ ာဏ်ပညာန… Read More
  • ကိုဗစ်ကာလ၊ ဈာပနကို ဗ စ် က ာ လ ၊ ဈ ာ ပ န---------------------------မောင်လှိုင်မင်းက ငါ့အောက်ငယ်တယ်ညီလေးပေါ့။မောင်လှိုင်ငါက မင်းထက်ကြီးတယ်အစ်ကိုကြီးပေါ့။ညီလေးမောင်လှို… Read More
  • အောင်ဝေး ဘောလုံးပွဲကြည့်ခြင်း ဘုရားသခင်နာမည်နဲ့ဘောလုံးသမား ရှိတယ်။တော်သေးတယ်ဟစ်တလာနာမည်နဲ့ဘောလုံးသမား မရှိလို့။     ။အောင်ဝေး(၁၂- ၁၂- ၂၀)##ေ အ ာ င္ ေ ၀ း … Read More

0 comments: