Thursday, June 5, 2008

နောက်ဆုံးပေါ် ရောဂါ


ဒီရောဂါဟာ
ကုရာနတ္ထိ ဆေးမရှိ။


ဒီရောဂါဟာ
မြန်မာပြည်ကလွဲလို့
ကမ္ဘာမှာ မရှိသေးဘူး။

ဒီရောဂါဟာ
လွှတ်ထားရင်
ကမ်းကုန်အောင် ရက်စက်တယ်။

ဒါပေမယ့်
ဒီရောဂါမှာ
လူတွေကို ကြောက်တဲ့ရောဂါ
ဝင်နေတာ ကြာပြီ။

ဒီရောဂါဟာ
ကြောက်ကန်ကန်ပြီး
မြင်မြင်ရာ အကြမ်းဖက်တော့တာပဲ။

ကျနော်တို့
ဒီရောဂါမရဖို့
သေနတ်ပြောင်းတွေကို
ကွန်ဒုံးစွပ်မှ ဖြစ်တော့မယ်။ ။

အောင်ဝေး
(ခေတ္တ ပုန်းခိုကျင်း တနေရာ)


(မူရင်း - ဒေါက်တာလွဏ်းဆွေဘလော့ဂ် ကိုမိုးသီးဘလော့ဂ် )

Related Posts:

  • poem for Saya Zawgyiတိုင်းပြုပြည်ပြု ယဉ်ကျေးမှုလောစကခန်း၊ ဗေဒါလမ်းမှလွမ်းစိတ်ဖြတ်သန်း၊ ပုလံလမ်းသို့ … ။ပန်းပေါင်းတရာ၊ မှိုင်းဋီကာမှတရာလမင်း၊ ညီသစ်ဆင်းသို့ … ။အေသင်မြို့ပြ၊ … Read More
  • တနင်္သာရီလွမ်းချင်းတနင်္သာရီလွမ်းချင်းအောင်ဝေးကမ်းရိုးတန်း ငန်းရိုင်းအသော့နှင်စိုင်းပင်လယ်လှိုင်း(အို …)နွေဦးကြိုမုန်တိုင်း။ ။မဟေသီမဂ္ဂဇင်း၊ ၂၀၀၄ ဇူလိုင်… Read More
  • steps for freedomလွတ်မြောက်ရေးအတွက် ခြေလှမ်းများ ရှန်ဟိုင်းမှသည် ယင်အန်းဆီချီတက်တောင်ပေါ်လျှိုမြောင်ဖြတ်သန်း။မိုင်၆၀၀၀ ကျော် ‘မော်’ နဲ့ ‘ချု’ တို့ တော်လှန်ခရီးကြမ်း။အို… Read More
  • telegramလူထုဆန္ဒခံယူပွဲအတွက်ကဗျာ ကြေးနန်း ဒါဒါ-ဒစ်ဒစ်-ဒါဒါ-‘‘မာလာ ပုလဲပြီးရင်မာလာ ကမာလာမယ်’’ဒါဒါ-ဒစ်ဒစ်-ဒါဒါ-‘‘မပ ပြီးရင်မက ပေါ့’’ဒါဒါ-ဒစ်ဒစ်-ဒါဒါ-‘‘ဟုတ်တယ်-ဟု… Read More
  • spring in Michigan အဝေးရောက်ကဗျာတစ်ပုဒ်မစ်ရှီဂန်နွေဦး ဒီနွေဦးမှာဂျူးလိယက်ဖူးချစ်ကို သတိရသလိုယာမာဂူချီကိုလည်း သတိရတယ်။ဒီနွေဦးမှာပါဘလိုနီရူဒါကိုသတိရသလိုဒဂုန်တာရာကိုလည်… Read More

0 comments: